ဒေးဒရဲမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စပါးစိုက်ဧကများ အောင်မြင်ဖြစ်ထွန်းရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ဒေးဒရဲ မေ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ တောင်သူများစပါးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော နွေစပါးစိုက်ဧကများ အချိန်မီရိတ်သိမ်းနိုင်ရေးနှင့် မိုးစပါးစိုက်ဧကများ အချိန်မီစိုက်ပျိုးနိုင်ရေးရည်ရွယ်၍ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးကြီးကြပ်မှုကော်တီဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုများနှင့် နိုင်ငံစီးပွားမြှင့်တင်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် လုပ်ငန်းရှင်များ၏ ညှိနှိုင်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်နိုင်ငံစီးပွားမြှင့်တင်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြသိန်းမောင်က မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများက တောင်သူများ နွေစပါးအချိန်မီစိုက်ပျိုးထုတ်လုပ်နိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများ ဖြန့်ဖြူးပေးခဲ့ပြီး ယခုအခါ နွေစပါးများ ရိတ်သိမ်းပြီးဖြစ်၍ သွင်းအားစု (၂)သိန်းဖိုးဖြင့်ညီမျှသော မျိုးစပါးများပြန်လည်ပေးသွင်းနိုင်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်တောင်သူများအား သွင်းအားစုများ ထပ်မံဖြန့်ဖြူးပေးမည့်လုပ်ငန်းများအား ရှင်းလင်းဟောပြောခဲ့ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးကြီးကြပ်မှုကော်မတီအတွင်းရေးမှူး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇင်မောင်မောင်က မိုးစပါးစိုက်ပျိုးမည့်တောင်သူများအား သွင်အားစုများ ဖြန့်ဖြူးပေးမည့်လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက တင်ပြလာသည့် စိုက်ပျိုးရေးလိုအပ်ချက်များကို တက်ရောက်လာသည့် ဌာနဆိုင်ရာများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် နွေစပါးစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကျေးရွာအုပ်စု (၅၅) အုပ်စုက တောင်သူ (၂၀၈၉)ဦး၏ နွေစပါးစိုက်ဧက (၃၀၇၃၂)ဧက စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။

အေဇာလင်း(ပြန်/ဆက်)