အမာမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် Abate ဆေးခတ်ခြင်းလုပ်ငန်းများဆောင်ရွက်

အမာ မေ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် Abate ဆေးခတ်ခြင်းလုပ်ငန်းအား ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်‌သော သွေးလွန်တုပ်ကွေး‌ရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်ရာ ကျောင်းဝင်းအတွင်း ပိုးလောက်လမ်းပေါက်ပွားနိုင်သည့်နေရာများအား ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ Abate ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။         

အဆိုပါ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများနှင့် Abate ဆေးခတ်ခြင်းလုပ်ငန်းများအား အမာမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး ဒေါ်လှမြတ်မင်းနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်းနှင့် ဝန်ထမ်းများ၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အမာ(ပြန်/ဆက်)