သံဖြူဇရပ်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ​​ကျောင်းသား​၊ ကျောင်းသူများ​ ကျောင်းအပ်လက်ခံဆောင်ရွက်

သံဖြူဇရပ် ​မေ ၂၆

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ​နေ့စဥ်နံနက် (၉) နာရီအချိန်မှစတင်၍ ကျောင်းအပ်လက်ခံ​ဆောင်ရွက်​ပေးလျက်ရှိရာ သံဖြူဇရပ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၂၉) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၂) ကျောင်း စုစုပေါင်း (၁၃၂) ကျောင်းတို့တွင် ​မေ ၂၂ ရက်မှ ၂၆ ရက်​နေ့အထိ ကျောင်းသား၊ ကျောင်းသူစုစု​ပေါင်း(၂၅၁၁၄) ဦးကို ​ကျောင်းအပ်လက်ခံ​​ဆောင်ရွက်ခဲ့သည်။

သံဖြူဇရပ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များအားလုံး ကျောင်းနေနိုင်ရေးနှင့် စဉ်ဆက်မပြတ်ပညာသင်ယူနိုင်ရေးအတွက် ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၂၉) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၂) ကျောင်း စုစုပေါင်း (၁၃၂) ကျောင်းတွင်(၂၀၂၅)ခုနှစ် မေလ (၂၂)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့ထိ ကျောင်းအပ်နှံရေးနေ့အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိရာ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်က သင်ရိုးညွှန်းတမ်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများ အခမဲ့ပေးအပ်လျက်ရှိကြောင်းနှင့် ​အဆိုပါကျောင်းအပ်လက်ခံလျက်ရှိ​သော ​ကျောင်းများသို့ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာ​ရေးမှူးတို့မှ လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်ဆည်း​ဆောင်ရွက်​ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)