မှော်ဘီမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ် ပြားထုတ်ပေးခြင်း၊ ပြုလုပ်ခြင်းနှင့် Biometric ကောက်ယူခြင်းများ ကွင်းဆင်းဆောင်ရွက်

မှော်ဘီ မေ ၂၆

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်စုများအတွင်းသို့ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဒုလဝကမှူး ဦးထွဋ်ခေါင်နှင့် ဝန်ထမ်းများ၊ ဒုလဝက မှူးဦး သိန်းထွန်းအောင်နှင့် ဝန်ထမ်းများ၊ ဒုလဝကမှူး ဒေါ်ဝေသူဟန်နှင့် ဝန်ထမ်းများက ကျေးရွာအုပ်စုများအတွင်းဆင်း၍ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများ၊ Biometric ကောက်ယူခြင်း လုပ်ငန်းများ ကိုမြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်လဝကမှူး ဒေါ်အေးအေးထွေးက အထစ လုပ်ငန်းများအား တိုက်ဆိုင်စစ်ဆေးဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။

ဆက်လက်၍ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ရွေ့ပြောင်းနေထိုင်သူများကိုလည်း ကော်မတီဖြင့် စိစစ်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ထုတ်ပေးလျက်ရှိကြောင်းလည်း သိရသည်။

ဝင်းဇော်