လိပ်သို မေ ၂၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံ ပြည်သူများမှာ မိမိတို့၏ အိမ်ခြံဝင်းများနှင့် ဥယျာဉ်ခြံများတွင် ပိန္နဲပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိရာ ပိန္နဲသီး သီးချိန်တွင် ပိန္နဲသီးနုများနှင့် ပိန္နဲသီးမှည့်များ ရောင်းချခြင်းဖြင့် အပိုဝင်ငွေ ရလျက်ရှိနေကြောင်း သိရသည်။
ဒေသခံများမှာ ပိန္နဲသီးနုများကို ပြုတ်ပီး တို့စရာအဖြစ် လိုက်လံရောင်းချကြကြောင်း၊ ပိန္နဲသီးနု များကို တို့စရာအဖြစ်လည်းကောင်း၊ ကြော်စား၍လည်းကောင်း အသားဟင်းနှင့်ရောချက်၍ လည်းကောင်း စားသုံးကြကြောင်း၊ ပိန္နဲပင်တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားခြင်းဖြင့် မိသားစု စားသုံးရန်အတွက်အပြင် အပိုဝင်ငွေပါ ရရှိကြောင်း ပိန္နဲပင်စိုက်ပျိုးထားသူ ဒေသခံတစ်ဉီးထံမှ သိရသည်။
လိပ်သိုဒေသရှိ တောင်သူများမှာ မိသားစုစားသုံးရန်နှင့် အပိုဝင်ငွေရရှိရန်အတွက် ပိန္နဲ၊ ငှက်ပျော၊ သရက်၊ မင်းကွတ်၊ ကြက်မောက်၊ ဒူးရင်း သီးနှံများကို တစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်