ညောင်တုန်းမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှု‌ဖြစ်ပွား

ညောင်တုန်း မေ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် ယနေ့ နံနက် ၁နာရီခွဲအချိန်ခန့်က အမှတ် (၄) ရပ်ကွက်၊ တိုးချဲ့နယ်မြေတွင် ကမ်‌ခြေမှ အလျား (၂၀၀) ပေ၊ အနံ (၅၀) ပေခန့်နှင့် ရန်ကင်းစံရာ‌ကျေးရွာအုပ်စု၊ အနောက်ကျွန်းကျေးရွာတွင် ကမ်းခြေမှ အလျား (၂၅၀) ပေ၊ အနံ (၅၀) ပေခန့် ပြိုကြမှုဖြစ်ပွားခဲ့သည်။

အဆိုပါ မြစ်ကမ်းပါးပြိုကျမှုကြောင့် တိုးချဲ့နယ်မြေတွင်နေအိမ် (၇) လုံးနှင့် အနောက်ကျွန်းကျေးရွာတွင် နေအိမ် (၁၃) လုံးမျောပါသွားခဲ့ပြီး အိမ်ထောင်စု (၃၈) စုအား မြစ်ကမ်းပါးနှင့်ကင်းလွတ်ရာ ဆွေမျိုးများထံသို့ ခေတ္တပြောင်းရွှေ့ခြင်းနှင့် စားသောက်ရေးကိစ္စရပ်များကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး လူနှင့်တိရစ္ဆာန်များထိခိုက် ဒဏ်ရာရသေဆုံးမှုမရှိကြောင်း သိရသည်။