မင်္ဂလာတောင်ညွန့်မြို့နယ်၌ အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်း ဆင်းပွဲကျင်းပ

မင်္ဂလာတောင်ညွန့် မေ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ ကျောင်းသား/ကျောင်းသူ၊ လူငယ်လူရွယ်လေးများ နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ မြန်မာ့လက်မှုပညာရပ်တစ်ခုဖြစ်သည့် ပန်းချီအနုပညာနှင့်ပတ်သက်၍ တီထွင်ကြံဆတတ်စေရန်၊ အရောင်ရွေးချယ်မှုမှန်ကန်စေရန်နှင့် အမြတ်တနိုး တန်ဖိုးထားတတ်စေရန်ရည်ရွယ်ချက်ဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ခဲ့သည့်အခြေခံ ပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲအခမ်းအနားကို  မေလ ၂၃ ရက်နေ့ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မင်္ဂလာတောင်ညွန့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ် မြတ်မြတ်အေးက သင်တန်းဆင်းကျေးဇူးတင်စကားပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာမမေ (ရန်ကုန်) ကဆုပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 ထို့နောက် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းတွင် တက်ရောက်ခဲ့သည့် သင်တန်းသား/သင်တန်းသူများအနက် ဆုရသူများကိုသင်တန်းနည်းပြဆရာမမေ (ရန်ကုန်) နှင့် မြို့နယ်ဦးစီးအရာရှိဒေါ်မြတ်မြတ်အေးတို့က အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)