ပဲခူးမြို့နယ်၌ ၂၀၂၅ခုနှစ်၊ မိုးရာသီ (အကြို) သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ပဲခူး မေ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၌ ၂ဝ၂၅ ခုနှစ်၊ မိုးရာသီ (အကြို) သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို မေလ ၂၄ ရက် နံနက်ပိုင်းက ပဲခူးမြို့၊ ရပ်ကွက်ကြီး() ဘုရင့်နောင်လမ်းရှိ သီရိမင်္ဂလာဝင်္ကပါဘုရားဝန်မြေကွက်လပ်တွင် ကျင်းပပြုလုပ်သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်က တက်ရောက်လာကြသည့် ဌာနဆိုင်ရာများထံ သစ်ပင်ပျိုးပင်များပေးအပ်ပြီး အရိပ်ရအပင်ရတနာတန်းဝင်များဖြစ်သော ကျွန်း၊ ပျဥ်းကတိုး၊ ပိတောက်အစရှိသည့် အပင် ၁၅၀၀ အား သစ်တောဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာ အသင်းအဖွဲ့များနှင့် ဒေသခံများက ၂၀၂၅-ခုနှစ် မိုးရာသီ (အကြို) သစ်ပင်စိုက်ပျိုးပွဲကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)