အ.ထ.က ရွာသစ်တွင် ကျောင်းအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကာကွယ် နှိမ်နှင်းရေး အသိ ပညာ ပေး ဆွေးနွေးပွဲနှင့် ပညာပေးခြင်းလုပ်ငန်းဆောင်ရွက်

အိမ်မဲ မေ ၂၅

ဧရာဝတီတိုင်းဒေကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာ အ.ထ.က ရွာသစ်တွင်ကျောင်းအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး အသိပညာပေးဆွေးနွေးပွဲနှင့် ပညာပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က အဆိုပါကျောင်း၏ ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာစကားများကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမျိုးကျော်အောင်က သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးနှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေးနည်းလမ်းများကိုလည်းကောင်း၊ အိမ်မဲမြို့နယ် ပညာရေးမှူးကိုယ်စားဒုတိယမြို့နယ် ပညာရေးမှူးဦးသက်နိုင်အေး က အမှာစကား များကိုလည်းကောင်း၊ မြောင်းမြခရိုင်ပြည်သူ့ဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန် ဒေါက်တာရဲထွဋ်က သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်လက္ခဏာများနှင့် ကုသရေးလုပ်ငန်းများကိုလည်းကောင်း အသီးသီး ရှင်းလင်းပြောကြားခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့မြောင်းမြ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြောင်းမြခရိုင် ဆေးရုံအုပ်ကြီးအုပ်ချုပ်ရေးနှင့်နှင့် အဖွဲ့ဝင်များ၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများ၊ ကျေးရွာသူကျေးရွာသားများ အားလုံး (၅၀၀) ဦး. ခန့် တက်ရောက် ခဲ့ ကြသည်။

ထို့နောက် တာဝန်ရှိသူများသည် .ထ.က ရွာသစ်ကျောင်းဝန်းအတွင်း အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသမှုလုပ်ငန်းများအား လှည့်လည်ကြည့်ရှုအားပေးခြင်း၊ ကျောင်းဝန်းအတွင်းရှိ ရေသိုလှောင်ကန်များအား ပိုးလောက်လန်း ပေါက်ဖွားမှုမရှိစေရန် Abate ဆေးခပ်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း၊ ခြင်ဆေးမှုတ်ခြင်းသရုပ်ပြခြင်းလုပ်ငန်း၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းဆောင်ရွက်မှုများနှင့် ကျောင်းအပ်နှံရေးဆောင်ရွက်နေမှုများကို ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကိုလမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်

အိမ်မဲ (ပြန်/ဆက်)