သံဖြူဇရပ် မေ ၂၅
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ နယ်၌ မိုးရာသီကာလ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းကို ယနေ့နံနက်ပိုင်းက အောင်ကုသိုလ်ကျေးရွာတွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင်မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကျေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် လူငယ်မောင်မယ်များမှ စုပေါင်း၍ ယခုအချိန်တွင် မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကိုကြိုတင်ကာကွယ်နိုင်ရေး ပြည်သူများပူးပေါင်းပါဝင်၍ အောင်ကုသိုလ် ကျေးရွာတွင်ရေစည်၊ရေအိုး၊ ရေကန်အတွင်းအဘိတ် ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းကို တစ်အိမ်တက်ဆင်း အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)