မက်မန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကျင်းပ

မက်မန်း မေ ၂၅

ရှမ်းပြည်နယ်၊ “၀”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ    ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ သား/သမီးများကို ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်းအခမ်းအနားကို မေလ ၂၃ ရက်နေ့ နေ့လယ် ၃ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မက်မန်းခရိုင်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းက အဖွင့်အမှာစကားပြောကြားပြီး မက်မန်းခရိုင်မိသားစု စည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ညိုက စည်ရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာများ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ သား/သမီးများကို  ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အထက်တန်းအဆင့်ကျောင်းသူတစ်ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ လေးဦး၊ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ လေးဦး၊ မူကြိုအရွယ်ကလေးငယ် လေးဦး တို့အတွက် ကျောင်သုံးဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပေတံ၊ ခဲဖျက်၊ ကျောပိုးအိတ်နှင့် ကျောင်းစိမ်းဝတ်စုံ များကို တာဝန်ရှိသူအသီးသီးတို့မှ ပေးအပ်ခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရှိရပါသည်။

အေဇက်ထွန်း(မက်မန်း)