ကိုကိုးကျွန်းမြို့နယ်တွင် မြေပြင်လူဦးရေစာရင်းကောက်ယူခြင်း ကွင်းဆင်းဆောင်ရွက်

ကိုကိုးကျွန်း မေ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် လူဝန်မူကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲနှင့် အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့မှ ၁၉-၅-၂၀၂၅ ရက်နေ့မှစတင်၍ လူဦးရေစာရင်းကောက်ယူခဲ့ကြောင်း သိရသည်။

လူဦးရေစာရင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ်လဝကရုံးတို့မှ အမှတ်(၁)ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်းကောက်ခံခဲ့ရာ ၁၉-၅- ၂၀၂၅ ရက်နေ့မှ ၂၃-၅-၂၀၂၅ အထိ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လူဦးရေစာရင်းကောက်ခံခဲ့ရာ မြို့နယ်လဝကဦးစီးဌာနမှ ဝန်ထမ်းများ၊ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဝန်ထမ်းများနှင့် အမှတ်‌ ၁ ရပ်ကွက်အတွင်း မြေပြင်ကွင်းဆင်းလူဦးရေစာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆက်လက်ကောက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 ကိုကိုးကျွန်း (ပြန်/ဆက်)