တံတား မေ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တံတားမြို့ရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို မေလ ၂၃ ရက်နေ့ နံနက်(၁၀)နာရီ အချိန်က တံတားမြို့ရုံး၌ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တံတားမြို့ ဦးစီးမှူး ဦးဖြိုးကိုကိုသွင်နှင့်ဝန်ထမ်းများက တံတားမြို့အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသည့် ပြည်သူများအား ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အသက် ၁၆-၁၈ နှစ် ကြား နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများနှင့် အသက်၁၈နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမပြုလုပ်ရသေးသူများအား ရပ်ကွက်များအလိုက် ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ခန့်စည်သူဝင်း(ပြန်/ဆက်)