လသာ မေ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ် အမှတ်(၉)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရှေ့ဘက်တွင် လမ်းဘေးအစားအသောက်ရောင်းချသည့်စျေးသည်များ ကျန်းမာရေးနှင့်ညီညွတ်စွာ ရောင်းချခြင်း ရှိ၊ မရှိ မေလ ၂၃ ရက်နေ့ နံနက်(၁၀)အချိန်က ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လမ်းဘေးအစားအသောက်ရောင်းချသည့် စျေးဆိုင်များအား ကျန်းမာရေးနှင့်ညီညွတ်စွာ ရောင်းချခြင်းရှိစေရေး လိုက်လံစစ်ဆေးပြီး အစားအသောက်များ သန့်ရှင်းသပ်ရပ်စွာ ရောင်းချရန်၊ ယင်နားမှုမရှိစေရေး အဖုံးအကာများထားရန်၊ သန့်ရှင်းသောသောက်သုံးရေကို အသုံးပြုကြရန်၊ ကျန်းမာရေးနှင့်ညီညွတ်စွာ ရောင်းချကြရန်နှင့် မသန့်ရှင်းသော အစားအသောက်များမှဖြစ်တတ်သည့် ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် မသန့်ရှင်းသော ရေနှင့် အစားအသောက်များမှဖြစ်တတ်သည့် အကြောင်းရာများပါဝင်သော ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ပြန်/ဆက်)