သာ​ကေတမြို့နယ်၌ ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

သာကေတ မေ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်နှင့် စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် စီမံအဖွဲ့ဝင်များ ခရိုင်ပညာရေးမှူး ဒေါက်တာ ခင်သူဇာစိန်၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းနုနုကြည်နှင့် ဆရာ/ဆရာမများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အမှတ်(၁) ခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ကျောင်းအပ်နှံရေးနေ့တေးသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​အောင်လွင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ပညာရေးမှူး ဒေါက်တာ ခင်သူဇာစိန်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးလုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းနုနုကြည်က သာကေတမြို့နယ်ကျောင်းအပ်နှံမှုအခြေအနေတို့အားလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး နိုင်ငံတော်မှပေးအပ်သော ကျောင်းသုံးစာရေးကိရိယာများကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ကပေးအပ်ရာ ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ခရိုင်/မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌတို့မှ လှူဒါန်းသော ကျောင်းသုံးပစ္စည်းများကိုလည်းကောင်း၊ ကျောင်းအကျိုးတော်ဆောင်များက လှူဒါန်းသော လှူဒါန်းငွေများအားလည်းကောင်း တာဝန်ရှိသူအသီးသီးက လှူဒါန်းပေးအပ် လက်ခံခဲ့ကြသည်။

ထို့နောက် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ဇာတိမာန်”တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)