နမ့်စန်မြို့တွင် ဟိုမိန်းပြည်သူ့စစ်(ဌာနေ)အဖွဲ့ ပြည်သူ့စစ်အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပ

နမ့်စန်() မေ ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ဟိုမိန်းပြည်သူ့စစ်(ဌာနေ)အဖွဲ့၏ အခြေခံစစ်ပညာသင်တန်း (၁/၂၀၂၅)ဆင်းပွဲအခမ်းအနားကို နမ့်စန်ကျေးရွာအုပ်စု၊ ဝမ်ကျောင်းကုန်းကျေးရွာအနီးတွင် ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တပ်မတော်အရာရှိများ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့ပြီး စံပြသင်တန်းသားဆု၊ စစ်ရေးပြအကောင်းမွန်ဆုံးဆုနှင့် စစ်စည်းကမ်းအကောင်းမွန်ဆုံးဆုရရှိသူ ၃ ဦးကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ပြည်သူ့စစ်သင်တန်းသားများနှင့် ဘင်ခရာတပ်ဖွဲ့တို့က တိုင်းမှူးဗိုလ်ချုပ် မျိုးမင်းထွန်းအား စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုခဲ့ကြသည်။

အဆိုပါ ပြည်သူ့စစ်အခြေခံစစ်ပညာသင်တန်းကို ဧပြီလ ၂၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသားစုစုပေါင်း (၂၄၆)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)