လပွတ္တာမြို့ပေါ်ရပ်ကွက်များတွင် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

လပွတ္တာ မေ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့‌ပေါ်ရပ်ကွက်များတွင် ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်၌ မိုးရာသီကာလ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရေးအတွက် အခြေခံပညာကျောင်းများနှင့် ရပ်ကွက်အတွင်းရှိ အိမ်များသို့ သွားရောက်၍ ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လပွတ္တာခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဖြူဖြူဝင်းနှင့် အဖွဲ့ဝင်များက ဦး‌ဆောင်၍ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက ခြင်ကိုက်ခြင်းမှတစ်ဆင့် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေး‌ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ရပ်ကွက်အတွင်းရှိ နေအိမ်များမှ ရေတွင်း၊ ရေကန်များ၊ ရေစည်ရေပုံးများ၊ တာယာကွင်းအဟောင်းများနှင့် ဘုရားညောင်ရေအိုးများအား ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း၊ အသုံးပြု၍မရသော ရေအိုး‌၊ ရေပုံးအဟောင်းများနှင့် တာယာကွင်းများထဲတွင် ရေဝပ်‌နေပါက ခြင်များ အလွယ်တကူ ပေါက်ပွားနိုင်သည့်အတွက် စနစ်တကျထားရှိကြရန်၊ အိမ်ပတ်ဝန်းကျင်းရှိ ရေမြောင်းများအား ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်သွားရန် အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဟိန်းထက်လင်း(လပွတ္တာ)