ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်

ဆိပ်ကြီးခနောင်တို မေ ၂၄

ရန်ကုန်တိုင်း‌‌ဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ် လက်ခံခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ကျောင်းများအလိုက် စတင်ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ အေးချမ်းပျော်ရွှင်စွာ လာရောက်ကျောင်းအပ်နှံလျက်ရှိသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်း ၁၀ ကျောင်း၊ မူလတန်းလွန် ၄ ကျောင်း၊ အထက(ခွဲ) ၂ ကျောင်းနှင့် အထကကျောင်း ၁ ကျောင်း စုစုပေါင်းကျောင်း ၁၇ ကျောင်းရှိရာ မေလ ၂၂ ရက်နေ့တွင် သက်ဆိုင်ရာကျောင်းများအလိုက် ဆရာ၊ ဆရာမများက ကျောင်းအပ်လက်ခံခြင်းကို စတင်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တစ်မြို့နယ်လုံး စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆၆၃၆ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းအပ်နှံရာတွင်လည်း မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာ၊ ဆရာမများမှလည်း ကျောင်းအပ်နှံခြင်းဆိုင်ရာ သိသင့်သိထိုက်သည်များကို ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ အကျယ်တဝင့်သိရှိအောင် ရှင်းလင်းပြောကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ်နှံရာတွင်လည်း မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်းမရှိဘဲ ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာအတန်းနှင့် ဘာသာရပ်အလိုက် ဖတ်စာအုပ်၊ ဗလာစာအုပ်၊ ဘောလ်ပင်၊ ခဲတံတို့အား ကျောင်းသားတစ်ဦးချင်းစီအလိုက် ကျောင်းအပ်နှံစဉ်တစ်ပါတည်း ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)