လသာ မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်ရှိ အခြေခံပညာကျောင်းများမဖွင့်မှီ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော ရေစည်၊ ရေအိုးများ၊ ရေအုတ်ကန်များအတွင်း ခြင်နှင့်ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရန် အဘိတ်ဆေးခတ်ခြင်းနှင့်ခြင်ဆေးမှုတ်ခြင်းများကို မေလ ၂၂ ရက်နေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သွေးသွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အဘိတ်ဆေးခတ်ခြင်း၊ ခြင်းဆေးမှုတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို လသာမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် အမှတ် (၁) အခြေခံပညာမူလတန်းကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင် (ပြန်/ဆက်)