လသာမြို့နယ်၌ ဂျပန်ဦး‌နှောက်ရောင်ကာကွယ်ဆေး ထိုးနှံ​ပေး

လသာ မေ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၌ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးနှံခြင်းကို အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်နှင့် မူကြို​ကျောင်းတို့တွင် မေလ ၂၂ ရက်နေ့ နံနက်(၈)နာရီအချိန်က ထိုးနှံ​ပေးခဲ့​ကြောင်း သိရသည်။

အဆိုပါဂျပန်ဦး‌နှောက်ရောင်ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်နှင့်သူနာပြုဆရာမများကဦး​ဆောင်၍ မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်က​လေး​စောင့်​ရှောက်​ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ကြက်​ခြေနီအဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူး​ပေါင်း၍ ပါဝင်​ဆောင်ရွက်​ပေးခဲ့ကြောင်း သိရသည်။

အလားတူကာကွယ်​ဆေးထိုးနှံခြင်းကို မြို့နယ်အတွင်းကျန်ရှိ​နေသည့် ရပ်ကွက်များမှ အသက် ၁နှစ်မှ ၅နှစ်​အောက် အကြိမ်​ရေမပြည့်​သေးသည့် က​လေးငယ်များအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်​ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)