“တက်နေဝင်း” စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း နွေစပါးရိတ်သိမ်းခြင်း ပြုလုပ်

အင်္ဂပူ မေ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အုတ်ရှစ်ကုန်း‌ကျေးရွာအုပ်စု၊ အုတ်ရှစ်ကုန်းကျေးရွာတွင် ယမန်နေ့ နေ့လယ်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်‌မြောင်းဝန်ကြီးဌာနမှ နိုင်ငံစီးပွားမြှင့်တင်‌ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် “တက်နေဝင်း” စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ အသင်းသား တောင်သူ ဦးတင်ဝင်း၏ လယ်မြေ (၁၀) ဧကတွင် နွေစပါး ရက် (၉၀) အမျိုးအစားရိတ်သိမ်း‌ခြင်းပြုလုပ်ခဲ့သည်။

အဆိုပါ နွေစပါးရိတ်သိမ်းနေမှုကို မြို့နယ်သမဝါယမဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်မိုးမိုးခိုင်နှင့် ဝန်ထမ်းများမှ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် နွေစပါးအစို (၁၃၀) တင်းထွက်ရှိကြောင်း သိရသည်။

မန်းကျော် (ပြန်/ဆက်)