မှော်ဘီ မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့ နယ်အတွင်းရှိရပ်ကွက်/ကျေးရွာနေပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ရန် ကုန်တိုင်းဒေသကြီးအသေး စားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအလုပ် အကိုင်အခွင့်အလမ်းများ ဖန်းတီးပေးရေးလုပ်ငန်းကော်မတီမှ ဖွင့်လှစ်သော၂၀၂၅- ၂၀၂၆ ခုဘဏ္ဍာရေးနှစ်အသက်မွေး ဝမ်းကျောင်းအထောက်အကူပြုလူသုံးကုန်ပစ္စည်း(ဆပ်ပြာမျိုးစုံ) ပြုလုပ်နည်းသင်တန်းဆင်းပွဲကို ယမန်နေ့နေ့လယ်ပိုင်းက မှော်ဘီမြို့နယ်ကုလားကြီးကုန်း ခေတ်မီစံပြကျေးရွာ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ကျင်းပခဲ့သည်။
အခမ်းအနားသို့ တိုင်းဒေသကြီးအ သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ မြိုနယ်အထွေထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဝင်း၊ မှော်ဘီခရိုင်ကျေး လက်ဦးစီးဌာနမှ ခရိုင်မှူးဒေါ်ဆွေဆွေမြင့်နှင့်ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသားများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် သင်တန်းနည်း ပြ(၄)ဦးတို့ဖြင့်သင်တန်းသား(၂၅)ဦးတို့အား ဆပ်ပြာမျိုးစုံထုတ်လုပ်နည်းအဆင့်ဆင့် နည်းလမ်းများကို တစ်ပတ်ကြာစာတွေ့လက်တွေသင် ကြားပို့ချပေးခဲ့ကြောင်းနှင့် သင်တန်းသားများကလက်တွေ့ထုတ်လုပ်ထားသော ဆပ်ပြာနှင့်ဆပ်ပြာဆီမျိုးစုံထုတ်လုပ်ထားမှုများကို တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)