လသာမြို့နယ် အ‌မှတ်(၆)ရပ်ကွက်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အဘိတ်ဆေးခပ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

လသာ မေ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ် အမှတ်()ရပ်ကွက်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော အဘိတ်ဆေးခပ်ခြင်း၊ ဖုံး၊ သွန်၊ လှဲ၊ စစ် လုပ်ငန်းများနှင့် ကားတာယာကွင်းများတွင်​ ရေမဝပ်​စေ​ရေးလုပ်ငန်းများကို ယမန်နေ့နံနက် ()နာရီအချိန်ကဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

အဆိုပါသွေးသွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီး​ရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍​ ရေစည်၊​ ရေအိုး၊​ ရေကန်များအတွင်း ခြင်နှင့် ပိုးလောက်လန်းများ ​ပေါက်ပွားမှုမရှိ​စေရန် အဘိတ်ဆေးခတ်ခြင်းနှင့် ပန်းအိုးများ၊​ ရေခွက်များ ဖုံး၊ သွန်၊ လှဲ၊ စစ်လုပ်ငန်းများ​ဆောင်ရွက်ခဲ့ကြ​​ကြောင်း သိရသည်။

ထို့ပြင် ကားတာယာကွင်းများတွင် ​ရေဝပ်မှုမရှိ​​စေ​ရေး  ​ပညာ​ပေးခြင်းနှင့်သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်နိုင်​ရေး ကျန်းမာ​ရေးအသိပညာ​ပေး လက်ကမ်းစာ​စောင်များ ဖြန့်​ဝေ​ပေးခဲ့ကြောင်း သိရသည်။

နန်းသဲနုအောင်(ပြန်/ဆက်)