သန်လျင်၌ သတင်းရေးသား ရိုက်ကူးတည်းဖြတ်နည်းသင်တန်း (၁/၂၀၂၅) ဖွင့်လှစ်သင်ကြားလျက်ရှိ

ရန်ကုန် မေ ၂၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တောင်ပိုင်းခရိုင်ရုံး (သန်လျင်)မှ ကြီးမှူးဖွင့်လှစ်သော သတင်းရေးသားရိုက်ကူးတည်းဖြတ်နည်းသင်တန်း (၁/၂၀၂၅) ဖွင့်လှစ်သင်ကြားခြင်းကို သန်လျင်မြို့ရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ သတင်းရေးသားရိုက်ကူးတည်းဖြတ်နည်းသင်တန်းတွင် သင်တန်းဆရာ ရွှေရန်ကုန်မီဒီယာ ဦးဌေးလင်းမှ အစဉ်တိုးတက်နေသော မီဒီယာကဏ္ဍ AI နည်းပညာအကြောင်း၊ Google နှင့်ပတ်သက်၍သော်လည်းကောင်း၊ ဆရာဦးမျိုးလှိုင်က သတင်းဓါတ်ပုံပညာနှင့် ပတ်သက်၍လည်းကောင်း လက်တွေ့သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

ဖြိုးသီဟ (ခရိုင် ပြန်/ဆက်)