ညောင်လေးပင်မြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိ

ညောင်လေးပင် မေ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် မေလ ၂၁ ရက်နေ့နံနက် (၉)နာရီအချိန်က မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးကြောင်း သိရသည်။

ရှေးဦးစွာ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရွှေလုပ်ငန်းရှင်များအသင်း၊ ဦးအောင်မြင့်နှင့်မိသားစုဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများနှင့် မြို့မိမြို့ဖများမှစုပေါင်း၍ ဆေးနှင့်ဆေးဝါးများ ဝိုင်းဝန်းထောက်ပံ့ပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးလှမြင့်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေယံပိုင်နှင့်အဖွဲ့ဝင်များ၊ ရွှေလုပ်ငန်းရှင်အသင်းအလှူရှင်များ၊ ဦးအောင်မြင့်နှင့်မိသားစုဝင်များ၊ ကိုဖိုးခွား(ဆေးဆိုင်)မှ စေတနာရှင်ဆေးအလှူရှင်များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းမိသားစုများနှင့် မြို့မိမြို့ဖများတက်ရောက်ခဲ့ကြပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောကလျာမှဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ငွေကြေးကုန်ကျမှုမရှိစေဘဲ ကျန်းမာရေးတိုးတက်ကောင်းမွန်စေရေး၊ ကိုယ်လက်လှုပ်ရှားအားကစားများပြုလုပ်ပေးခြင်း၊ ဆီးချိုသွေးချိုတိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ရောဂါများဖြစ်ပွားနေပါက စောလျင်စွာကုသခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများမဖြစ်ပေါ်စေရေး၊ ဆောင်ရန်/ရှောင်ရန်များအား သေချာစွာသိရှိနားလည်ပြီး သက်တမ်းစေ့ နေထိုင်သွားနိုင်စေရေးတို့အတွက် လစဉ်လတိုင်း ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးလျက်ရှိပြီး ယခုအကြိမ်တွင် လူနာအဟောင်း (၁၉၈) ဦး၊ လူနာအသစ်(၈) ဦး၊ စုစုပေါင်း (၂၀၆) ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)