ကျောင်းကုန်းမြို့၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ကျောင်းကုန်း မေ ၂၃

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁)အ ခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို အ.ထ.က(၁)မှ ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာကျောင်း” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး၊ မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက ကျောင်းသား/သူများအားလုံး ပညာတတ်ကြီးများဖြစ်လာစေဖို့ ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံကြဖို့ ပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်မှအခမဲ့ထောက်ပံ့ပေးသည့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် မူလတန်းဆင့်ကျောင်းဝတ်စုံများအား  မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦး၊ ကျုံပျော်ခရိုင် ပညာရေးမှူး ဦးချစ်သိန်းနှင့် မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်မြင့်တို့က ကျောင်းသား၊ ကျောင်းသူများသို့ပေးအပ်ခဲ့ပြီး၊ အ.ထ.က(၁)ကျောင်းသူလေးများ “မြန်မာမလေးပါရှင်” သီချင်းဖြင့်လည်းကောင်း၊ မူလတန်းဆင့်ဆရာမများမှ “ပန်းကလေးများရဲ့ဥယျာဉ်မှူး” သီချင်းဖြင့်လည်းကောင်း ကပြဖျော်ဖြေခဲ့ကြသည်။ အ.ထ.က(၁) ကျောင်းသား/သူများက “ဇာတိမာန်”သီချင်းသီဆို၍ ရုတ်သိမ်းခဲ့ပြီး၊ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)