ညောင်လေးပင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ

ညောင်လေးပင် မေ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မေ ၂၁ ရက်နေ့နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိ ကြောင်းသိရသည်။

ထိုသို့ ပင်စင်ထုတ်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေလာရောက်ထုတ်သူများအား စနစ်တကျရှိစေရန်နေရာများထားပေးခြင်း၊ လက်ဆေးဘေလ်စင်များထားရှိပေးခြင်းများကို မြန်မာ့စီးပွားရေးဘဏ်မှ စီမံဆောင်ရွက်ပေးထားခြင်း၊ ပင်စင်ထုတ်ယူရာတွင် မေ ၂၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ မြို့ပြပင်စင်၊ကာကွယ်ရေးပင်စင်နှင့်နိုင်ငံရေးပင်စင်များကို နံနက် ၇ နာရီ အချိန်မှ နေ့လယ် ၁၄ နာရီအချိန်အထိ ထုတ်ပေးသွားမည်ဖြစ်ပြီး ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့်လည်း မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)