ပန်းတနော်မြို့တွင် တိုင်းရင်းဆေးအကြောင်း သိကောင်းစရာဟောပြောခြင်းနှင့် အခမဲ့ဆေးကုသခြင်းများဆောင်ရွက်

ပန်းတနော် မေ ၂၃

ရဟန်းသံဃာများ  အနာရောဂါကင်းရှင်း၍ ကျန်းမာရေး ပိုမိုကောင်းမွန်စေရန်အတွက် တိုင်းရင်းဆေးအကြောင်း သိကောင်းစရာဟောပြောခြင်းနှင့် အခမဲ့ဆေးကုသခြင်းကို ပန်းတနော်မြို့နယ်၊ အနောက်ပိုင်းရပ်ကွက်၊ ပရိယတ္တိစာသင်ကျောင်းတိုက်၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာပန်းတနော်မြို့နယ် တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးမှူး ဒေါ်ဇင်နွယ်သိန်းက ရဟန်းသံဃာတော်များအား တိုင်းရင်းဆေးအကြောင်း သိကောင်းစရာ၊ တစ်ကိုယ်ရည် သန့်ရှင်းကျန်းမာရေးနှင့်၊ သက်ရှည်ကျန်းမာအောင် စားသောက်နေထိုင်နည်းစသည့် အကြောင်းအရာများအား အသိပညာပေးဟောပြောပြီး မိမိတို့မှကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တိုင်းရင်းဆေးမှူး ဒေါ်ဇင်နွယ်သိန်းဦးဆောင်သည့် ကွင်းဆင်းဆေးကုသရေးအဖွဲ့က ရဟန်းသံဃာတော်များအား တစ်ဦးချင်းအလိုက် တိုင်းရင်းဆေး အခမဲ့ကုသခြင်းများကို ဆောင်ရွက်ကာ ဆေးဝါးများအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)