တမူး မေ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့နေ့လယ်(၁း၃၀)နာရီအချိန်က ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးအတွက် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မာမာဝင်းက ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ပဗဟုသုတများ ရရှိနိုင်ရေးအတွက် ရုံးလုပ်ငန်းလက်စွဲစာအုပ်များအပြင် အခြားဗဟုသုတရရှိစေမည့် စာအုပ်များကို ဖတ်ရှုခြင်းဖြင့် အသိပညာများ တိုးပွားလာမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး ဝန်ထမ်းများက စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် လူငယ်နှင့်အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်း စာအုပ်အား ဖတ်ရှုခဲ့ကြပြီး စာအုပ်မှရရှိလာသည့် ဗဟုသုတများအား တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
တမူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ လုပ်ငန်းစွမ်းရည် မြင့်မားရေးစာဖတ်ဝိုင်းများ အပတ်စဉ်ဆောင်ရွက်နေသည့်အပြင် စာပေချစ်သူများနှင့်လည်း စာဖတ်ဝိုင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရတနာ