တမူးမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

တမူး မေ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ကဘော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တမူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးသိုက်ထွန်းက နိုင်ငံသားတိုင်း အခြေခံပညာအဆင့်အလိုက် သတ်မှတ်ကာလအတွင်း သင်ယူပြီးမြှောက်စေရေးအတွက်ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းနေရေးနှင့် ကျောင်းနေသည့်ကလေးတိုင်း ကျောင်းနေမြဲရေး လုပ်ငန်းစဉ်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ပညာရေးဝန်ထမ်းများ၊ စေတနာရှင်မိဘပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)မှ ဒုတိယဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးညီညီတင်၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များ၊ ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ထို့နောက်တက်ရောက်လာကြသည့် ဒုတိယဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ညီညီတင်၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ကျောင်းအပ်နှံနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား/သူများ၊ မိဘများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရတနာ