ကန်ကြီးထောင့်မြို့နယ် အခြေခံပညာနှင့် စက်မှု၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ကန်ကြီးထောင့် မေ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီး‌ထောင့်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကန်ကြီး‌ထောင့်မြို့နယ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းရှိ အမျိုးသားခန်းမ၌ ကျင်းပခဲ့ကြသည်။

ရှေ့ဦးစွာ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးမြင့်‌အောင် မှ ကျောင်းသား၊ ကျောင်းသူလေးများအား အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ အဖွဲ့ဝင် (၁) ဗိုလ်မှူးရဲနိုင်လွင်က ကျောင်းအပ်နှံရေးနှင့် ပတ်သက်သည်များကို အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးဆရာမကြီးဒေါ်ခင်သက်နိုင်က ကျောင်းအပ်နှံခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသုံးစာအုပ်၊ စာရေးကိရိယာများအား တာဝန်ရှိသူများကပေးအပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများကလက်ခံရယူခဲ့ကြပြီး အခြေခံပညာနှင့် စက်မှု၊စိုက်ပျိုး၊မွေးမြူရေး အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူလေးများက “ကျောင်းသွားကြမယ်”သီချင်းအား သီဆိုဖျော်ဖြေခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်‌‌အောင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများမှ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)