ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၂၂၁)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူ(၂၂၃၂၂)ဦး အပ်နှံပြီးစီး

ဒေးဒရဲ မေ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား  ၂၀၂၅ ခုနှစ် မေလ(၂၂) ရက်နေ့စတင်၍ ကျောင်းအပ်လက်ခံလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၂၁) ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၂၂၃၂၂)ဦး အပ်နှံပြီးစီးကြောင်း မြို့နယ်ပညာရေးဌာနက သိရသည်။

ဒေးဒရဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များအားလုံး ကျောင်းနေနိုင်ရေးနှင့် စဥ်ဆက်မပြတ်ပညာသင်ယူနိုင်ရေးအတွက် ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၂၁)ကျောင်းတွင် (၂၀၂၅)ခုနှစ် မေလ (၂၂)ရက်နေ့မှ ဇွန်လ (၁)ရက်နေ့ထိ ကျောင်းအပ်နှံရေးနေ့အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်က သင်ရိုးညွှန်းတမ်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကရိယာများနှင့်ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးလျက်ရှိ ကျောင်းနေအရွယ် ကလေးများအားလုံးအချိန်မီကျောင်းအပ်နှံနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခြေခံပညာဦးစီးဌာနနှင့် ရပ်ကွက်ကျေးရွာတာဝန်ရှိသူများက အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း