ဟိုင်းကြီးကျွန်း မေ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိ အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ၍ ကျောင်းအပ်လက်ခံလျက်ရှိရာ မိဘများမှ ကျောင်းသား၊ ကျောင်းသူများအား ပျော်ရွင်တက်ကြွစွာဖြင့် ယမန်နေ့နံနက် ၉ နာရီမှစတင်၍ လာရောက်ကျောင်းအပ်နှံနေကြကြောင်း သိရသည်။
ထိုသို့လာရောက် ကျောင်းအပ်နှံရာတွင် ဆရာ/ဆရာမများမှ မိဘများနှင့်ကျောင်းသား၊ ကျောင်းသူများအား နွေးထွေးပျူငှာစွာဖြင့် ကြိုဆိုကြပြီး နိုင်ငံတော်မှထောက်ပံ့ပေးသည့် ကျောင်းသုံး စာအုပ်များ၊ ဗလာစာအုပ်များနှင့် ကျောင်းဝတ်စုံများကို ကျောင်းသူ/သားများ လက်ဝယ်သို့ အရောက်ပေးခဲ့ကြောင်း သိရသည်။
ကျောင်းအပ်နှံရေးလုပ်ငန်းစဥ်များကို ၂၀၂၃ ခုနှစ်မေလ (၂၂)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့ အထိဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက် ပညာသင်ကြားနိုင်ရေး ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများမှ ဝိုင်းဝန်းပူးပေါင်း တိုက်တွန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်မျိုးအောင်