ကျွန်းလှမြို့နယ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေးဆောင်ရွက်လျက်ရှိ

ကျွန်းလှ မေ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်‌၊ မူလတန်း ၅ ကျောင်း၊ မူလွန် ၁ ကျောင်း၊ အလယ်တန်းကျောင်း ခွဲ ၄ ကျောင်း၊ အလယ်တန်းကျောင်း ၈ ကျောင်း၊ အထက်တန်း ၂ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၂ ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း တစ်ကျောင်း၊ စုစုပေါင်း ၂၃ ကျောင်းဖွင့်လှစ်ပြီး ‌ယနေ့ထိ ကျောင်းသား၊ ကျောင်းသူ ၃၇၈၁ ဦးအပ်နှံပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ