ဇလွန်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ဇလွန် မေ ၂၃

ဧရာ၀တီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အ.ထ.က (၁)ဇလွန် အမျိုးသားကျောင်းဆောင် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို အ.ထ.က(၁)ဇလွန် ကျောင်းသား၊ ကျောင်းသူလေးများက ပညာပန်းခင်းသီခြင်းဖြင့် သီဆို၍ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ဟင်္သာတခရိုင် ပညာရေးမှူး ဆရာကြီး ဦးတိုးဝင်းက ကျောင်းအပ်နှံရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေသည့် ကျောင်းသုံးပုံနှိပ်ဗလာစာအုပ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံ များကို အသီးသီးပေးအပ်ခဲ့ကြသည်။

ဝေယံ - ဇလွန်