ဖောင်းပြင်မြို့၌ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၂၉၇ ဒသမ ၁၈သန်းဖြင့် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

ဖောင်းပြင် မေ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၂၉၇ ဒသမ ၁၈သန်းဖြင့် ဖောင်းပြင်မြို့၌ ကွန်ကရိလမ်းခင်းခြင်းလုပ်ငန်းများနှင့် မြို့ပုံရိပ် ကောင်းမွန်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

လုပ်ငန်းများကို ယခုလ ၇ ရက်နေ့က စတင်ဆောင်ရွက်လျှက်ရှိပြီး ဧရိပ်ငြိမ်လမ်း၌ လမ်းအရှည် ၃၃၅ပေ၊ အကျယ် ၁၂ပေ၊ အမြင့် ၆လက်မရှိ ကွန်ကရိလမ်းခင်းခြင်းလုပ်ငန်းအား ၁၉ ဒသမ ၆သန်းဖြင့်လည်းကောင်း၊ ဇီဇဝါလမ်း၌ Box Culvert ၃ စင်းအား ၆ ဒသမ ၉သန်းဖြင့်လည်းကောင်း ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ကွန်ကရိလမ်းခြင်းလုပ်ငန်း၊ Box Culvert တည်ဆောက်ခြင်း၊ ကွန်ကရိလမ်းချဲ့ခြင်း၊ ကျောက်ရောမြေခင်းခြင်း၊ မြို့မဈေးအတွင်း ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများအပြင် မြို့ပုံရိပ် ကောင်းမွန်ရေးလုပ်ငန်းအပါအဝင် လုပ်ငန်းပေါင်း ၃၀ကို ယခုနှစ်အတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့က တာဝန်ရှိသူထံမှသိရသည်။

မြို့နယ် (ပြန်/ဆက်)