လေးမျက်နှာ မေ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းများတွင် “ကျောင်းနေအရွယ်ကလေးများအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်အတိုင်း ယမာန်နေ့မှစတင်ပြီး မြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် စတင်ကျောင်းအပ်လက်ခံလျက်ရှိသည်။
ထိုသို့ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံဆောင်ရွက်ပေးရာတွင် မြို့ပေါ်ရှိအခြေခံပညာကျောင်းများအလိုက် ဆရာ၊ ဆရာမများက မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်း မပြုဘဲ စနစ်တကျ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး KG မှ Grade-12 အထိ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံတစ်စုံစီ နိုငံတော်အစိုးရက အခမဲ့ပေးအပ်နေမှု များအား တာဝန်ရှိသူများ လှည့်လည်ကြည်ရှုအားပေးကြသည်။
ကျောင်းအပ်နှံသည့် ကျောင်းသားကျောင်းသူများအား ကျောင်းသုံးစာအုပ်၊ဗလာစာအုပ်၊ ဘော့ပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်လျက်ရှိပြီး၊ (၂၂.၅.၂၀၂၅)ရက်နေ့မှ (၁.၆.၂၀၂၅) ရက်နေ့အထိ ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)