မော်လမြိုင်ကျွန်း မေ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် သက်ဆိုင်ရာကျောင်များတွင် ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။
ကျောင်းအပ်နှံရာတွင် အခကြေးငွေပေးစရာမလိုဘဲ အခမဲ့ကျောင်းအပ်လက်ခံပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘော့ပင်နှင့် ကျောင်းဝတ်စုံများ အခမဲ့ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ မော်လမြိုင်ကျွန်းမြို့နယ်တွင် အခြေခံပညာကျောင်း (၃၈၂) ကျောင်း၊ ဘုန်းတော်ကြီးပညာသင်ကျောင်း (၃၀) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၁) ကျောင်း၊ စုစုပေါင်း (၄၁၃) ကျောင်းရှိရာ မေလ (၂၂) ရက်နေ့နှင့် မေလ (၂၃)ရက်နေ့တို့တွင် ကျောင်းအပ်လက်ခံသည့် ကျောင်းသား၊ ကျောင်းသူများ မူလတန်းတွင် စာရင်းရှိ (၃၅၉၁၄) ဦး၊ အပ်နှံပြီး (၂၁၅၉၁)ဦး၊ အလယ်တန်းတွင် (၁၄၂၅၆)ဦး၊ အပ်နှံပြီး (၇၉၉၇) ဦး၊ အထက်တန်းတွင် (၇၀၈၂) ဦး၊ အပ်နှံပြီး (၂၉၈၀) ဦး၊ စာရင်းရှိ စုစုပေါင်း (၅၇၂၅၂) ရှိပြီး အပ်နှံပြီးစုစုပေါင်း (၃၂၅၆၈) ဦး ရာခိုင်းနှုန်းဖြင့် (၅၆.၈၉%) ရှိကြောင်း သိရသည်။
ထိုသို့ ကျောင်းအပ်နှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးမင်းမင်းထွန်းနှင့် တာဝန်ရှိသူများက လိုက်လံကြီးကြပ်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းအပ်နှံရေးသတင်းပတ်အဖြစ် မေလ (၂၂) ရက်နေ့မှ ဇွန်လ (၁) နေ့အထိ သတ်မှတ်ထားကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)