လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အမှတ် (၁) ရပ်ကွက်သို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း

လိပ်သို မေ ၂၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေးအနေဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ အမှတ် (၁) ရပ်ကွက်သို့ သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒေသနေပြည်သူများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့်စာပေနှင့် ရင်းနှီးမှုရှိစေရန် သုတစာအုပ်များ၊ ဝတ္တု၊ မဂ္ဂဇင်းစာအုပ်များနှင့် ကလေးများအတွက် ပုံပြင်၊ ရုပ်ပြ စာအုပ်များ စုံလင်စွာသယ်ဆောင်၍ Mobile စနစ်ဖြင့် စာအုပ်များ ငှားရမ်းခဲ့ရာ တစ်ပတ်ပြည့်လျှင် စာအုပ်စာစောင်အသစ်များ ဖြင့် အစားထိုးငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လိပ်သိုမြို့ရုံး ဝန်ထမ်းများအနေဖြင့် ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သည့် ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ လွယ်လင့်တကူ စာပေဖတ်ရှုနိုင်စေရန် သုတ/ရသစာအုပ်များ သယ်ဆောင်၍ ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ်/ရပ်ကွက်များသို့ အပတ်စဉ် သွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ်