စဉ့်ကိုင် ဒီဇင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ယမန်နေ့မွန်းလွဲ(၂)နာရီကအထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန (OSS)ရုံး အစည်းအဝေး ခန်းမတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကြည်မို့မို့လွင်၊ မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကောင်းမြတ်ထွန်းနှင့် အဖွဲ့၀င်များ၊ ၊မြို့မိမြို့ဖများ၊ ပရဟိတအဖွဲ့များ၊ စေတနာ့ဝန်ထမ်းဆရာဝန်များတက်ရောက်ခဲ့ကြပြီး ကိုဗစ်-၁၉ ကုသရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ Quarantineများတွင် လိုအပ်ချက် များ၊အခက်အခဲများကို တာ၀န်ရှိသူများက အသီးသီး အပြန်အလှန် ညှိနှိုင်းဆွေးနွးခဲ့ကြကြောင်းသိရသည်။
ကိုဗစ်-၁၉ပိုးတွေ့လူနာများကိုစဉ့်ကိုင်ဆေးရုံနှင့်ပလိပ်ဆေးရုံများတွင်ထားရှိခဲ့ပြီးလိုအပ်ပါကစဉ့်ကိုင်အ-ထ-ကတွင်ထားရှိနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လင်းရောင်သစ် ကိုယ်ပိုင်အထက်တန်း ကျောင်းမှ လည်း ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက်အဆောက် အဦးအားလိုအပ်သလို အသုံးပြု ရန်ခွင့်ပြုပေးခဲ့ရာမြို့ပေါ်(၅)ရပ်ကွက်များ မှထိစပ် သူများ၊ ဌာနဆိုင်ရာ၀န်ထမ်းထိစပ်သူများ၊ ပရဟိတ အဖွဲ့နှင့် ဆက်နွယ် ထိစပ်သူများ Quarantine ထားရှိရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
ညိုညို၀င်း (စဉ့်ကိုင်ပြန်/ဆက်)