လေးမျက်နှာ မေ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ခတ္တူကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် စတုမုခထူပါရုံစေတီတော်အနီး ငဝန်မြစ်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်တွင် ပြုလုပ်ခဲ့သည်။
လေးမျက်နှာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ နှစ်စဉ်ဇီဝိတဒါနငါးလွှတ်ခြင်း၊ ငါးမျိုးမပြုန်းတီးရေး ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ငဝန်မြစ်အတွင်းရှိ ရေလုပ်သားများအား ငါးဖမ်းရာတွင် ရှော့တိုက်ဖမ်းခြင်းများမပြုလုပ်ရန်နှင့် စည်းကမ်းချက်များထုတ်ပြန်ကာ အရေးယူဆောင်ရွက်လျက်ရှိပြီး ယနေ့တွင် ငဝန်မြစ်အတွင်းသို့ နှစ်လက်မအောက်ခံ ငါးမြစ်ချင်းအကောင်ရေတစ်သိန်း၊ ငါးခုံးမကြီးအကောင်ရေနှစ်သောင်း စိုက်ထည့်ခဲ့သည်။
ငါးမျိုးစိုက်ထည့်ရာတွင် လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ငါးလုပ်ငန်းဦးစီးဌာနမှဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစာင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကာ စုပေါင်းငါးလွှတ်ခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)