လိပ်သိုမြို့တွင် လက်ဖက်ပင်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းဖြင့် မိသားစု အပိုင်ဝင်ငွေရရှိ

လိပ်သို မေ ၂၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် နေထိုင်ကြသော ဒေသခံပြည်သူအချို့မှာ မိမိတို့၏ နေအိမ်ခြံဝင်းများအတွင်းတွင် လက်ဖက်ပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားခဲ့ကြရာမှ မိမိတို့ စားသုံးရန်အပြင် ပြန်လည်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေများ ရလျက်ရှိကြောင်း သိရသည်။

လိပ်သိုမြို့ပေါ်ရှိ အိမ်ခြံဝင်းကျယ်ရှိသော မိသားစုများမှာ ဒေသမျိုးလက်ဖက်ပင်များကို အိမ်ခြံစည်းရိုးများနှင့် မြေလွတ်နေရာများတွင် စိုက်ပျိုးထားကြပြီး လက်ဖက်ခြောက်၊ လက်ဖက်စိုများအဖြစ် ပြုလုပ်စားသုံးရောင်းချလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဒေသထွက် လက်ဖက်ခြောက်၊ လက်ဖက်စိုများမှာ ဒေသတွင်းစားသုံးရန် လုံလောက်မှုမရှိသောကြောင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့် အခြားမြို့ကြီးမှ မှာယူစားသုံးနေကြရကြောင်း၊ ဒေသခံအချို့က စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ရန် ကြိုးစားလျက်ရှိပြီး မျိုးကောင်း၊ မျိုးသန့်ရရှိရန်နှင့် စနစ်တကျစိုက်ပျိုးနိုင်ရန် လေ့လာလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ်