အိမ်မဲ မေ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်သက်ငယ်မုဒိမ်းမှုပပျောက်ရေး အသိပညာပေးဟောပြော ပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာ ရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင်အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က သက်ငယ်မုဒိမ်းမှုဖြစ်ပွားရသည့်အကြောင်းအရင်းများ၊ မြို့နယ်ဒုဥပဒေအရာရှိ ဒေါ်ဂျူးဟန်နီက သက်ငယ်မုဒိမ်းမှုကျူးလွန်ပါကကျခံရမည့်ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ မြို့မရဲစခန်းမှ ဒုရဲအုပ်ဒေါ်ရည်ရည်မွန်က သက်ငယ်မုဒိမ်းမှု ပပျောက်ရေးကြိုတင်ကာကွယ်သတိပြုရမည့်အချက်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ဆုလဲ့ရည်ဝင်းက အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒေါ်ခိုင်မာလာက ကလေးသူငယ်အခွင့်အရေး အစရှိသည့်ခေါင်းစဥ်များဖြင့် ဟောပြောခဲ့ကြသည်။
ဆက်လက်ပြီး အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ရသ ရရှိစေမည့်စာအုပ်စာစောင်များ၊ လူကုန်ကူးမှုတားဆီကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များကို ပြသထားရှိရာ အခမ်းအနားတက်ရောက်လာသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
ချစ်သက်လယ်