မိုင်းယောင်း မေ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁၂ နာရီတွင် မိုင်းယောင်းမြို့နယ်၊ ဝမ်တပ်ကျေးရွာအုပ်စု၊ ဝမ်တပ်ကျေးရွာတွင် ဘိလပ်စက်ရုံဆောက်လုပ်ပြီး ဘိလပ်မြေထုတ်လုပ်ရန်လိုအပ်သည့် သတ္တုတူးဖော်ရန်လျာထားမြေနေရာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထို့နောက် မွန်းလွဲ ၂ နာရီတွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုလည်းကောင်း၊ မွန်းလွဲ ၃ နာရီတွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုလည်းကောင်း၊ မွန်းလွဲ ၄ နာရီတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုလည်းကောင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရာဇီ(ပြန်/ဆက်)