ဟင်္သာတ မေ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၌ ဟင်္သာတခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍ မေလ ၁၉ ရက်နေ့မှစတင်၍ ဟင်္သာတအကျဉ်းထောင်ဝန်းအတွင်း ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာ ရေးဝန်ထမ်းများ၊ အကျဉ်းဦးစီးဌာနတာဝန်ရှိသူများပူးပေါင်း၍ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ဟင်္သာတအကျဥ်းထောင်ရှိ အကျဥ်သား/အချုပ်သား ၇၅၈ ဦးတို့အား ကျန်းမာရေးပညာပေးခြင်း၊ ခုခံကျကာလသားရောဂါ တီဘီရောဂါ အနာကြီးရောဂါ ရှာဖွေကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အကျဥ်းထောင်နှင့် ဝန်ထမ်းအိမ်ရာအတွင်း သွေးလွန်တုတ်ကွေးရောဂါကာကွယ်ရေး ဖုံး သွန် လဲ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ခြင်လောက်လန်းသေဆေးခတ်ခြင်းများ၊ ပိုးလောက်လန်း ပေါက်ဖွားနိုင်သောနေရာများ၊ ရေကန်များအတွင်း အဘိတ် (Abate) ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေခြည်ထက်ထက်လင်းအောင်နှင့် ဟင်္သာတအကျဉ်းထောင်တာဝန်ခံအရာရှိ ဦးသန်းဇော်ဝင်းနှင့် တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက် (ဟင်္သာတ)