ခိုလမ် မေ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်လုပ်ထုံးလုပ်နည်းများ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ စာရေးဝန်ထမ်းများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဌေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များမှ ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းချက်များ၊ မြို့ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဖွဲ့စည်းထားရှိမှု၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ လျှော့ပေါ့ခွင့်၊ ကင်းလွတ်ခွင့်၊ ရွှေ့ဆိုင်းခွင့်ရရှိသူများနှင့် ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ စသည်တို့ကို အသေးစိတ် ရှင်းလင်းဆွေးနွေးကာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ပြီး တက်ရောက်လာကြသူများက သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခိုလမ်(ပြန်/ဆက်)