ပန်းတောင်း မေ ၂၂
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပန်းတောင်းမြို့နယ်ပြည်သူ့ဆေးရုံ၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား(အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လစဥ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ မေလ ၂၁ ရက်နေ့နံနက် (၉:၃၀) အချိန်က အခမဲ့စမ်းသပ်ဆေးကုသပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ ဆေးကုသပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာသန်းထိုက်စိုးဦးဆောင်၍ ဆရာ၊ဆရာမများကအငြိမ်းစားဝန်ထမ်းများကို အပူချိန်များတိုင်းတာ၍လည်းကောင်း၊ ဆီးချို၊ သွေးချို၊ နှလုံးရောဂါ၊ လေးဘက်နာရောဂါ၊ အစာအိမ်ရောဂါ၊သွေးတိုးရောဂါအစရှိသောရောဂါများကို အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခြင်းနှင့်ဆေးဝါးများ အခမဲ့ ပေးလျက်ကြောင်းသိရသည်။
အဆိုပါ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို လစဥ် ၂၁ ရက်နေ့နံနက် ၉:၃၀ အချိန်မှ ညနေ ၄:၀၀ အချိန်ထိ အခမဲ့ဆေးကုသပေးလျက်ရှိရာလက်ရှိတွင် လူနာဟောင်း ၇၅ ဦး၊ လူနာသစ် ၃ ဦး စုစုပေါင်း ၇၈ ဦးခန့် ဆေးကုသမှုခံယူလျက်ရှိကြောင်း မြို့နယ်ဆရာဝန်ကြီးဒေါက်တာသန်းထိုက်စိုးထံမှသိရသည်။
လပြည့်လင်း