ပေါက်ခေါင်းမြို့၌ အသိပညာ‌ပေးဟောပြောပွဲ၊စာအုပ်ပြပွဲနှင့်နံရံကပ်စာ‌စောင်ပြသ

ပေါက်ခေါင်း မေ ၂၂

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ပြည်ခရိုင်၊ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင် ပြသဆောင်ရွက်ခြင်းကို မေလ ၂၀ ရက်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ချစ်နှင်းသုန်က အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီး ကြက်ခြေနီအသင်းတပ်ဖွဲ့မှူးဒေါ်ဝင်းရီက ကြက်ခြေနီအသင်းသမိုင်းကြောင်း၊ ရှေးဦးပြုစုခြင်းနှင့် ကြက်‌ခြေနီအမှတ်အသား(Logo)များအကြောင်းတို့ကို ဗဟုသုတဖြစ်ဖွယ် အသိပညာပေးဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ‌ဒေါ်ချစ်နှင်းသုန်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအကြောင်းအရာနှင့် ကလေးအလုပ်သမားအဓိပ္ပါယ်အကြောင်း၊ ဒုတိယဦးစီးမှူးဒေါ်ဇင်ဇင်မင်းမောင်က လူငယ်နှင့်အချိန်အကြောင်းကို အသိပညာပေးပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသည့်ကျောင်းသား/ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ရသစာအုပ်များပြသပေးခြင်း၊လူကုန်ကူးမှုတိုက်ဖျက်‌ရေး၊မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာနှင့် က‌လေးအလုပ်သမားပ‌ပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သန်းထွန်းအောင်