နိုင်ငံ့ဝန်ထမ်းအိမ်ရာများ၌ အပတ်စဉ်အခြေခံစားသုံးကုန်နှင့် အသား/ ငါး/ ဥ/ ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိ

ပဲခူး မေ ၂၂

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် နိုင်ငံ့ဝန်ထမ်းအိမ်ရာများဖြစ်သည့် ရှင်စောပုအိမ်ရာနှင့်ဘုရင့်နောင်အိမ်ရာများ၌ အခြေခံစားသုံးကုန်နှင့်အသား/ငါး//ဟင်းသီး ဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။

ဆန်၊ ဆီ၊ ကြက်သား၊ ဝက်သား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့အား လက်လီအဆင့်ဆင့်မရှိဘဲ တိုက်ရိုက်ဈေးနှုန်းဖြင့် နိုင်ငံ့ဝန်ထမ်းအိမ်ရာများ၌ အပတ်စဉ်ရောင်းချပေးလျက်ရှိပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဥ်ဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်ရှိမြို့မဈေးများတွင် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများသည် တိုက်ရိုက်အရောင်းဆိုင်များတွင်လည်း အခြေခံစားသုံးကုန်နှင့်အသား/ငါး/ဥတို့အား နေ့စဉ်ပိတ်ရက်မရှိ သက်သာသောနှုန်းထားဖြင့် ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်