ရွှေဘို မေ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၌ တန်ဖိုးမြှင့်စားသောက်ကုန်(Bakery အမျိုးမျိုး)ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) နာရီက ရွှေဘိုခရိုင် မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသောင်းတင်ထွေးက သင်တန်းဖွင့် အမှာစကားပြောကြားရာတွင် “တန်ဖိုးမြှင့်စာသောက်ကုန်(Bakery အမျိုးမျိုး) ထုတ်လုပ်မှု နည်းပညာသင်တန်းသည် အသက်မွေးဝမ်းကြောင်း လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နိုင်ရန်အတွက် အခြေခံကျသည့် နည်းပညာပိုင်းစွမ်းရည်များကို ရရှိစေမည်ဖြစ်ကြောင်း၊ အရည်အသွေးပြည့်ပြီး သတ်မှတ်စံနှုန်းများနှင့် ကိုက်ညီသော စားသောက်ကုန်များကို ထုတ်လုပ်နိုင်ရန်အတွက် လိုအပ်သော လက်တွေ့သင်ကြားမှုများ၊ အရည်အသွေးထိန်းသိမ်းနိုင်သော နည်းလမ်းများကို လေ့လာသင်ယူနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်သူများအနေဖြင့် မိမိတို့နေထိုင်ရာ ဒေသတွင် ကိုယ်ပိုင်အသေးစား စားသောက်ကုန်လုပ်ငန်းများ စတင်ဖွင့်လှစ်နိုင်ရန်အတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်းနှင့်ဒေသတွင်းရှိ စီးပွားရေးတိုးတက်လာစေရန်အတွက်လည်း အရေးပါသည့်အခန်းကဏ္ဍတစ်ခုဖြစ်ကြောင်း” ပြောကြားခဲ့ပြီးနောက် ရွှေဘိုခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမင်းထက်အောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ရာ “ပြည်သူများအနေဖြင့် အရည်အသွေးမြှင့်၊ ကျန်းမားရေးနှင့်ကိုက်ညီသော စားသောက်ကုန်များ ထုတ်လုပ်မှုတိုးပွားလာစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေးတို့အတွက် ရည်ရွယ်ကြောင်း” ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို သင်တန်းသား/သင်တန်းသူ (၂၀)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ မေလ ၂၂ ရက်နေ့မှ မေလ၂၆ ရက်နေ့ထိ ၅ ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)